Categories

  • Android Apps
  • Android Games
  • Android Wallpapers
  • Android Wear Apps
  • Android Keyboard
  • Android Themes
  • Android Ringtones

Topics

  • Editor's Choice
  • Top Ranking
  • Pre Register
  • Offline Games
  • 2,3,4 Players Games

Categories

Topics

Nyan San

Nyan San APK

1.0.3 Free ․ MM Portal ⇣ Download APK (9.52 MB)

ဗဟုသုတရဖွယ် ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုရင်း ဆုလက်ဆောင်တွေရယူပါ

What's Nyan San APK?

Nyan San is a app for Android, It's developed by MM Portal author.
First released on google play in 2 years ago and latest version released in 2 years ago.
This app has 7.9K download times on Google play and rated as 3.82 stars with 22 rated times.
This product is an app in Education category
Nyan San (ဉာဏ်စမ်း) ဆိုတာ ဘာလဲ ?

Nyan San ဆိုတာကတော့ စိတ်ဝင်စားဖွယ်ရာ ကောင်းပြီး ဗဟုသုတလည်း ရရှိစေမယ့် ဉာဏ်စမ်းမေးခွန်းတွေကို မြန်မာဘာသာစကားနဲ. ဖြေဆိုနိုင်မယ့် Android Application လေးပဲ ဖြစ်ပါတယ် ။ App မှာဆိုရင် နေ့စဉ် မေးခွန်းသစ်တွေကို ထည့်သွင်းပေးနေပြီး ဉာဏ်စမ်းမေးခွန်း ပြိုင်ပွဲအစီအစဉ်တွေလည်း ရှိပါတယ် ။ ဒီဉာဏ်စမ်းမေးခွန်းပြိုင်ပွဲတွေကနေ အသုံးပြုသူတွေက ဆုလက်ဆောင်တွေ ရရှိမှာပါ။


Nyan San App ကို ဘယ်လို အသုံးပြုရမလဲ ?

Play Store ကနေ Download လုပ်ပြီးရင်တော့ Nyan San ကို အသုံးပြုနိုင်ပါပြီ ။ Nyan San မှာ မေးခွန်းတွေဖြေဆိုရာကနေ ရရှိမယ့် အမှတ်နဲ. Point တွေကို သိမ်းဆည်းထားနိုင်ဖို. အသုံးပြုသူတွေဟာ Register ပြုလုပ်ထားဖို. လိုပါမယ် ။ Register ပြုလုပ်ရာမှာ အချို.သော ဖုန်းတွေမှာ Social Login တွေဖြစ်တဲ့ Google , Facebook , Phone တို.နဲ. အသုံးပြုလို. ရနိုင်ဦးမှာ မဟုတ်ပါဘူး ။ Google , Facebook , Phone တို.နဲ. Account ပြုလုပ်မရသူများအနေဖြင့် ပုံမှန်အတိုင်း Email ဖြင့် အကောင့်ဖောက်ပြီး အသုံးပြုနိုင်ပါသည်။

Nyan San App ကနေ ဆုလက်ဆောင်တွေ ဘယ်လို ရရှိမှာလဲ ?

Nyan San App က ဆုလက်ဆောင် ပေးတဲ့ အစီအစဉ်ကို ၂ မျိုးစီစဉ်ထားပါတယ် ။
- (၁) လစဉ်အမှတ်အများဆုံးဆု
လစဉ်အမှတ်အများဆုံးဆုကတော့ ရိုးရှင်းပါတယ် တစ်လအတွင်း အမှတ်အများဆုံးရရှိတဲ့ သူတွေကို လစဉ် ဆုချီးမြှင့်သွားမှာပဲ ဖြစ်ပါတယ် ။ လစဉ်အမှတ်အများဆုံးဆုရဖို့ဆို မေးခွန်းတွေကို များများနဲ. မှန်မှန် ဖြေဆိုနိုင်ဖို့ လိုမယ်နော်။ ဒီဆုအတွက် ကိုယ့်ရဲ. ရမှတ်နဲ. အဆင့်ကို App ထဲက Leaderboard မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

- (၂) ဉာဏ်စမ်းမေးခွန်း ပြိုင်ပွဲ
ဉာဏ်စမ်းမေးခွန်း ပြိုင်ပွဲကတော့ မတူညီတဲ့ ပြိုင်ပွဲ အမျိုးအစားတွေအလိုက် ဆုလက်ဆောင်တွေ ချီးမြှင့်ပေးမှာပါ ။ ဥပမာအားဖြင့် " ခရီးသွားခြင်းဆိုင်ရာ မေးခွန်းများ ပြိုင်ပွဲ " ၊ "Kpop ,Kdrama မေးခွန်းများ ပြိုင်ပွဲ " စသဖြင့် ရှိမှာပါ ။ ဒီမှာဆိုရင်လည်း ပြိုင်ပွဲတစ်ခုချင်းဆီအလိုက် ပြိုင်ပွဲစတင်ရက် ပြိုင်ပွဲပြီးဆုံးရက် ၊ ဆုလက်ဆောင်တွေ ရှိမှာ ဖြစ်ပါတယ် ။ ဘယ်လိုပြိုင်ပွဲတွေ ရှိနေတယ်ဆိုတာကို App ထဲက Contest မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဉာဏ်စမ်းမေးခွန်းပြိုင်ပွဲတွေဟာ လူတိုင်း ဝင်ရောက်ဖြေဆိုနိုင်မှာတော့ မဟုတ်ပါဘူး ။ ဝင်ရောက်ဖြေဆိုခွင့်အတွက် Point တွေကို အသုံးပြုရမှာပါ ။ ဥပမာအားဖြင့် "Kpop, Kdrama မေးခွန်းများ ပြိုင်ပွဲအတွက် ဝင်ခွင့် Point က 10 Point ဆိုပြီး သတ်မှတ်ထားရင် ဝင်ဖြေချင်သူဟာ Point 10 ခု ရှိရမှာဖြစ်ပါတယ် ။ Point တွေကို Daily Quiz , Random Quiz တွေ ဖြေဆိုပြီး အလွယ်တကူ စုဆောင်းနိုင်ပါတယ် ။

ဘာပြိုင်ပွဲတွေရှိတယ် ဘယ်လိုဆုလက်ဆောင်တွေ ပေးမယ်ဆိုတာကို Nyan San App ရဲ. ဖေ့စ်ဘုခ်စာမျက်နှာမှာ အမြဲတမ်း ကြေငြာပေးသွားပါမယ်

ဆုလက်ဆောင်တွေကို ဘယ်လို ထုတ်ယူရမှာလဲ ?
ဆုလက်ဆောင်တွေကိုတော့ Nyan San App ရဲ. ဖေ့စ်ဘုခ်စာမျက်နှာကို ဆက်သွယ်ပြီး ထုတ်ယူနိုင်ပါတယ် ။

Nyan San Facebook >> https://bit.ly/2TbclXF